မင်္ဂလာပါ ... ဒီနေ့ ၃၀ ရက် ၁၁ လ ၂၀၁၁ ခုနှစ်မှာ ကျွန်တော် တို့ မြန်မာတွေ စုစည်းပြီးတော့ ပစ်ခဲ့တဲ့ CF*MYANMAR ဟာ Clan Rank 100 အတွင်းကို ၀င်ရောက်ခဲ့ပြီဖြစ်ပါတယ် ... ယခု လက်ရှိ Rank ကတော့ ၉၉ ပါ ... ယခုအချိန်ထိ Clan မှာ ကစားနေကြတဲ့ သူတွေကိုရော ၊ အသစ်ဝင်ရောက်လာခဲ့တဲ့သူတွေကိုရော ၊ ယခင်က ကစားခဲ့တဲ့ သူတွေကိုရော ကျေးဇူးတင်ပါတယ် ... ကျွန်တော်တို့ မြန်မာတွေ အနေနဲ့ CF မှာ ၁၀၀ အတွင်းဝင်အောင် မှတ်တမ်းတင်နိုင်ခဲ့ပြီ ဖြစ်ပါတယ် .. ကျွန်တော်တို့အနေနဲ့ ယခုလက်ရှိ အဆင့်ကနေပြီးတော့ ရှေ့ကိုတက်နိုင်အောင် ... ပြီးတော့ ဒီအဆင့်ကနေပြီးတော့ လည်း အောက်ကိုထပ်ပြီးတော့ မဆင်းအောင် ပစ်ပေးကြပါ ... ပြီးတော့ ကျွန်တော်တို့ Clan က အဆင့် ၁၀၀ အတွင်းကို ၀င်ရောက်လာတာနဲ့အမျှ ကျွန်တော်တို့ ပစ်နေတဲ့ Skill ပါ တဆင့်ထက် တဆင့် မြင့်တက်ဖို့လိုပါလိမ့်မယ် ... ဒါမှ Clan ရဲ့ သိက္ခာ လည်းတက်ပါမယ် ... :) ဒီလို skill မြင့်လာအောင် ကျွန်တော်တို့ Clan အတွင်းမှာလည်း Clan Match ကိုကစားနေကြတာရှိသလို ၊ Clan Tournament ကိုလည်း ပြုလုပ်ပေးထားပါတယ် ... အသင်းလိုက်စိတ်ဓါတ် ရှိအောင်အတွက်လည်းပါပါတယ် ... ပြီးတော့ ကျွန်တော်တို့ Clan က Clan War ကို လည်း များများကစားပေးသင့်ပါတယ် .. ဒီ Clan Tournament ပြီးတဲ့ အခါမှာ နောက်ထပ်တစ်ခု ကို ထပ်ပြီးတော့ ပြုလုပ်ပေးဖို့လည်း အစီအစဉ်ရှိပါတယ် ...
အရေးကြီးဆုံး အချက်ကတော့ Clan Members များအနေနဲ့ စည်းစည်းလုံးလုံးညီညီ ညွတ်ညွတ် ဖြစ်ဖို့ပါပဲ .. တစ်ယောက်နဲ့ တစ်ယောက်လည်း စကားမများ ရင်အကောင်းဆုံးပါပဲ ခင်ဗျာ ... စည်းစည်းလုံးလုံး မရှိလို့ Clan ကလူတွေ ကွဲသွားပြီဆိုရင်လည်း ကျွန်တော်တို့ ခက်ခက်ခဲခဲ ကစားခဲ့ရတဲ့ ဒီအဆင့်ကနေလည်း ပြုတ်ကျသွားမှာဖြစ်ပါတယ် ..
ပြီးတော့ Member တွေအနေနဲ့လည်း အမြဲတမ်း Active ဖြစ်ရင် ပိုပြီးတော့ ကောင်းပါတယ် ... ကျောင်းစာတွေကိုလည်း မလွတ်ပါစေနဲ့ ခင်ဗျာ ... Active ဖြစ်မယ့် Member များကိုလည်း Clan ကနေပြီးတော့ ဖိတ်ခေါ်ပါတယ် .. Warmly Welcome ပါ ..
နောက်ဆုံးအနေနဲ့ ကတော့ ကျွန်တော်တို့အားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ဒီ့ထက် အဆင့်မြင့်တက်အောင် ကြိုးစားကြပါစို့ ... :) Aja Aja Fighting xD